အွန်လိုင်း “ရင်းနှီးမြှုပ်နှံမှု” နဲ့ “ချေးငွေ” ကြော်ငြာတွေမှာ အလိမ်မခံရစေဖို့
ယနေ့ခေတ် Online Platform များပေါ်တွင်“အစုရှယ်ယာရင်းနှီးမြှုပ်နှံနိုင်သည်”၊ “အတိုးနည်းနည်းဖြင့် ငွေချေးနိုင်သည်” စသည့် ကုမ္ပဏီအဖွဲ့အစည်းအမည်များ အသုံးပြု၍ ယုံကြည်စေသော ကြေညာချက်များဖြင့် ငွေကြေးလိမ်လည်မှုများ ဖြစ်ပေါ်နေပါသည်။
Scam များ၏ လက္ခဏာများမှာ
• ကုမ္ပဏီမှတ်ပုံတင်နဲ့ ရုံးလိပ်စာအတုများ ပြသ၍ ယုံကြည်စေခြင်း
• Bank Slip သို့မဟုတ် ငွေလွှဲအထောက်အထား အတုများ ပေးပို့ခြင်း
• “ငွေထုတ်ယူရန် အရင်ငွေလွှဲပေးရမည်” ဟု ထပ်မံငွေတောင်းခံခြင်း
• အမြန်ဆုံး ဆုံးဖြတ်ခိုင်းခြင်းတို့ပဲ ဖြစ်ပါတယ်
မိမိကိုယ်ကို ကာကွယ်ပါ
✔️ Online Investment သို့မဟုတ် Loan Offer များကို သက်ဆိုင်ရာ တရားဝင် အဖွဲ့အစည်းများမှ အတည်ပြုခြင်း မရှိပါကငွေကြေးလွှဲပြောင်းခြင်း မပြုလုပ်ပါနှင့်။
✔️ မသင်္ကာဖွယ် Account များနှင့် ဆက်သွယ်မှုများကို သတိထားပါ။
✔️ ငွေကြေးလိမ်လည်ခံရကြောင်း သံသယရှိပါက သက်ဆိုင်ရာ အာဏာပိုင်များထံ သက်သေအထောက်အထားများနှင့်အတူ ချက်ချင်း တိုင်ကြားပါ။
Related Posts
Be Aware of Fraud Phone Call
လုံခြုံစိတ်ချဖို့ သတိထားကြပါစို့ ယနေ့ခေတ်မှာ အွန်လိုင်းလိမ်လည်မှုနဲ့ ဖုန်းခေါ်ဆိုပြီး ငွေလိမ်လည်မှုတွေ (Phone Scam) ပိုမိုများလာပါတယ်။AYA Pay မှပြုလုပ်လျက်ရှိသော ပရိုမိုးရှင်းအစီအစဉ်တစ်ခုခုတွင် ကံထူးကြောင်း (သို့မဟုတ်) သင်၏အကောင့် လုံခြုံရေး စစ်ဆေးရန်လိုအပ်ပါကြောင်း ဖုန်းဖြင့်ဆက်သွယ်လာပါက ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ OTP / Password / ကိုယ်ရေးအချက်အလက်များကို မမျှဝေပါနဲ့။ သံသယဖုန်းခေါ်ဆိုမှု / မက်ဆေ့ခ်ျများကို မဖြေပါနဲ့။ သံသယရှိပါက AYA Pay Hotline ကို ချက်ချင်း ဆက်သွယ်ပါ။ အထက်ဖော်ပြပါအချက်တွေကို လိုက်နာခြင်းအားဖြင့် ဖုန်းခေါ်ဆိုပြီး လိမ်လည်မှုများကနေ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ငွေကြေးတွေကို အကောင်းဆုံးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ AYA Pay Wallet တွင် သင်၏ကိုယ်ရေးအချက်အလက်များနှင့်ပတ်သတ်၍ သံသယတစ်စုံတစ်ရာရှိပါက AYA…
Money Mule
Money Mule ဆိုတာဘာလဲ? Money Mule(ငွေကြေးလွှဲပြောင်းမှုအတွက် အသုံးပြုခံရသူ) ဆိုတာက တရားမဝင်ရရှိထားတဲ့ ငွေတွေကို သူတစ်ပါးနာမည် (သို့) ဘဏ်အကောင့်တစ်ခုထဲသို့ အပ်နှံခြင်း၊ လွှဲပြောင်းခြင်း၊ ထုတ်ယူပေးခြင်းစသည့် လုပ်ဆောင်ချက်များအတွက် မိမိ၏ အချက်အလက်များဖြင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပါဝင်ပေးသည့် အကူအညီပေးသူတစ်ဦး ဖြစ်ပါတယ်။ Money Mule (၃) မျိုး1) မသိဘဲပါဝင်သူ – လှည့်စားခံရပြီး အလုပ်အကိုင်အဖြစ် လုပ်မိတတ်သူ2) သံသယရှိပေမယ့် လျစ်လျူရှုသူ – မမှန်ကြောင်း သိပေမယ့် ငွေအတွက် ဆက်လက်လုပ်ကိုင်သူ3) သိပြီးတမင်ပါဝင်သူ – တရားမဝင်ငွေတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကူညီသူ ဘာတွေဖြစ်နိုင်လဲ?– ဘဏ်အကောင့်ပိတ်ခံရခြင်း– တရားစွဲဆိုခံရခြင်း၊ ထောင်ကျခြင်း– အနာဂတ်တွင် အလုပ်အကိုင် အခက်အခဲဖြစ်ခြင်း ဘယ်လိုကာကွယ်မလဲ?✔ မိမိဘဏ်အကောင့်/ Pay Wallet…
AML
ငွေကြေးခဝါ ချမှု AML ဆိုတာ ဘာလဲ AML (Anti-Money Laundering) ဆိုသည်မှာ မတရားရရှိသောငွေကြေးများကို တရားဝင်အဖြစ် ပြောင်းလဲဖော်ပြရန် ကြိုးစားသော လုပ်ငန်းစဉ်များကို တားဆီးရန် ရည်ရွယ်သော နိုင်ငံတကာဥပဒေများ၊ စည်းမျဉ်းများနှင့် စနစ်များဖြစ်သည်။မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ အခွန်လွှဲရှောင်မှုကဲ့သို့သော မတရားလုပ်ငန်းများမှရရှိသော “ညစ်ညမ်းတဲ့” ငွေကြေးများကို “သန့်ရှင်းတဲ့” ငွေကြေးအဖြစ် ပြောင်းလဲဖော်ပြရန် ကြိုးစားသော လှုပ်ရှားမှုများကို ငွေကြေးလွှဲပြောင်းမှု (Money Laundering) ဟု ခေါ်သည်။ ငွေကြေးလွှဲပြောင်းမှု၏ လုပ်ငန်းစဉ်သုံးခု AML စနစ်သည် ငွေကြေးလွှဲပြောင်းမှု၏ လုပ်ငန်းစဉ်သုံးခုကို ရှာဖွေတားဆီးရန် ရည်ရွယ်သည်— နေရာချခြင်း (Placement)မတရားငွေကြေးကို ဘဏ်အကောင့်ထဲသို့ သို့မဟုတ် စျေးဝယ်မှုများဖြင့် စနစ်ထဲသို့ ထည့်သွင်းခြင်း။ အလွှာဖွဲ့ခြင်း (Layering)ငွေကြေးရင်းမြစ်ကို ဖုံးကွယ်ရန် ရှုပ်ထွေးသောငွေကြေးလှုပ်ရှားမှုများ ပြုလုပ်ခြင်း။…
