Viber Plus ကို AYA Pay ကနေ အထူးအခွင့်အရေးများနဲ့ ဝယ်ယူလို့ရနေပါပြီ…

AYA Pay မှတဆင့် Viber Plus (၁) လစာ ဝယ်ယူလိုက်တာနဲ့… အပို (၂) လ အခမဲ့ အသုံးပြုခွင့်ရမယ့်အပြင် Discount 1,500 Ks လည်း ရရှိမှာဆိုတော့ မူလတန်ဖိုး 9,000 ကျပ်ကို 7,500 ကျပ်ထဲနဲ့ (၃)လ အသုံးပြုခွင့်ရမှာနော်။ Discount 1,500 ကျပ်ရရှိဖို့ အတွက် Promo Code – AYAVIBER ကို အသုံးပြုပေးဖို့ လိုပါတယ်။
Viber Plus ဆိုတာက Viber ရဲ့ Premium Feature ဖြစ်ပြီး အသုံးပြုသူတွေကို ပိုမိုလုံခြုံတဲ့ privacy နဲ့ စိတ်ချရမှုတွေ ပေးစွမ်းနိုင်တဲ့ Premium Features တွေအများကြီးပါတဲ့ Subscription ပဲဖြစ်ပါတယ်။
AYA Pay မှ Viber Plus ဝယ်ယူမယ်ဆိုရင်
- AYA Pay Wallet မှ Gift Cards ကို နှိပ်ပါ။
- Viber Plus ကိုရွေးပါ။
- ဝယ်ယူလို သော၀န်ဆောင်မှုကိုရွေးချယ်ပြီး လိုအပ်တဲ့အချက်အလက်များဖြည့်ကာ Continue ကိုနှိပ်ပါ။
- ထိုနောက် Apply Discount ကိုနှိပ်ကာ Promo Code-AYAVIBER ကိုထည့်သွင်းပါ။
- AYA Pay Walletရဲ့ PIN (၆လုံး) ကိုရိုက်ထည့်ပါ။
- ငွေပေးချေမှု အောင်မြင်ပါသည်။
- ငွေပေးချေပြီးရင် ရလာသော Link ကို copy လုပ်ပါ။
- Viber ထဲရှိ My Notes ထဲတွင် Paste လုပ်ပြီး ထို Link ကိုနှိပ်ပါ။
- Viber Plus ရရှိသွားပြီပဲဖြစ်ပါတယ်။
သတိပြုရန် – မိမိမှာ Viber Plus Subscription ရှိပြီးသားဆိုရင်တော့
လက်ရှိ Subscription ကုန်ဆုံးသွားချိန်မှစပြီး သို့မဟုတ် ကိုယ်တိုင်ပယ်ဖျက်ပြီးနောက်မှသာ အသုံးပြုနိုင်ပါတယ်။
ပိုမိုသက်သာတဲ့ လျှော့စျေးများနဲ့ Premium Features တွေပါဝင်တဲ့ Viber Plus ကို ဒီ Link – https://ayal.ink/APVBplus ကနေ အခုပဲ ဝယ်ယူလိုက်တော့နော်။( AYA Pay Wallet အကောင့်ရှိပြီးသားသူများသာ )
Related Promotions
Money Mule
Money Mule ဆိုတာဘာလဲ? Money Mule(ငွေကြေးလွှဲပြောင်းမှုအတွက် အသုံးပြုခံရသူ) ဆိုတာက တရားမဝင်ရရှိထားတဲ့ ငွေတွေကို သူတစ်ပါးနာမည် (သို့) ဘဏ်အကောင့်တစ်ခုထဲသို့ အပ်နှံခြင်း၊ လွှဲပြောင်းခြင်း၊ ထုတ်ယူပေးခြင်းစသည့် လုပ်ဆောင်ချက်များအတွက် မိမိ၏ အချက်အလက်များဖြင့် သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ ပါဝင်ပေးသည့် အကူအညီပေးသူတစ်ဦး ဖြစ်ပါတယ်။ Money Mule (၃) မျိုး1️⃣ မသိဘဲပါဝင်သူ – လှည့်စားခံရပြီး အလုပ်အကိုင်အဖြစ် လုပ်မိတတ်သူ2️⃣ သံသယရှိပေမယ့် လျစ်လျူရှုသူ – မမှန်ကြောင်း သိပေမယ့် ငွေအတွက် ဆက်လက်လုပ်ကိုင်သူ3️⃣ သိပြီးတမင်ပါဝင်သူ – တရားမဝင်ငွေတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ကူညီသူ ဘာတွေဖြစ်နိုင်လဲ?❌ ဘဏ်အကောင့်ပိတ်ခံရခြင်း❌ တရားစွဲဆိုခံရခြင်း၊ ထောင်ကျခြင်း❌ အနာဂတ်တွင် အလုပ်အကိုင် အခက်အခဲဖြစ်ခြင်း ဘယ်လိုကာကွယ်မလဲ?✔ မိမိဘဏ်အကောင့်/ Pay Wallet…
AML
ငွေကြေးခဝါ ချမှု 💡 AML ဆိုတာ ဘာလဲ AML (Anti-Money Laundering) ဆိုသည်မှာ မတရားရရှိသောငွေကြေးများကို တရားဝင်အဖြစ် ပြောင်းလဲဖော်ပြရန် ကြိုးစားသော လုပ်ငန်းစဉ်များကို တားဆီးရန် ရည်ရွယ်သော နိုင်ငံတကာဥပဒေများ၊ စည်းမျဉ်းများနှင့် စနစ်များဖြစ်သည်။မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ အကြမ်းဖက်မှု၊ အခွန်လွှဲရှောင်မှုကဲ့သို့သော မတရားလုပ်ငန်းများမှရရှိသော “ညစ်ညမ်းတဲ့” ငွေကြေးများကို “သန့်ရှင်းတဲ့” ငွေကြေးအဖြစ် ပြောင်းလဲဖော်ပြရန် ကြိုးစားသော လှုပ်ရှားမှုများကို ငွေကြေးလွှဲပြောင်းမှု (Money Laundering) ဟု ခေါ်သည်။ 🔍 ငွေကြေးလွှဲပြောင်းမှု၏ လုပ်ငန်းစဉ်သုံးခု AML စနစ်သည် ငွေကြေးလွှဲပြောင်းမှု၏ လုပ်ငန်းစဉ်သုံးခုကို ရှာဖွေတားဆီးရန် ရည်ရွယ်သည်— 1. နေရာချခြင်း (Placement)မတရားငွေကြေးကို ဘဏ်အကောင့်ထဲသို့ သို့မဟုတ် စျေးဝယ်မှုများဖြင့် စနစ်ထဲသို့ ထည့်သွင်းခြင်း။2. အလွှာဖွဲ့ခြင်း (Layering)ငွေကြေးရင်းမြစ်ကို…
TrueMoney To AYA Pay
ထိုင်းကနေ မြန်မာကို ငွေလွှဲဖို့ အဆင်ပြေဆုံးနည်းလမ်းလေး လာပါပြီနော်! TrueMoney Myanmar နဲ့ AYA Pay Mobile Wallet တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ငွေလွှဲရင် ဝန်ဆောင်ခ လုံးဝ အခမဲ့ နဲ့ မြန်မြန်ဆန်ဆန် ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။ထိုင်းမှာ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ ကိုယ့်မိသားစုဝင်တွေ၊ ချစ်ရသူတွေဆီကို TrueMoney Wallet ကနေတစ်ဆင့် AYA Pay Wallet ကို ငွေလွှဲတဲ့အခါ ဝန်ဆောင်ခ လုံးဝပေးစရာမလိုပါဘူးနော်။ အဲ့ဒီလိုပဲ AYA Pay Wallet ကနေတဆင့် ငွေသားထုတ်မယ်ဆိုရင်လည်း ဘာဝန်ဆောင်ခမှ ထပ်ပေးစရာမလိုဘဲ လွယ်လွယ်ကူကူ ထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။ TrueMoney Wallet မှ AYA Pay Wallet သို့ ပေးပို့လာသောငွေလွှဲများကို…