
ဧရာဝတီဘဏ်နှင့် ဧရာဝတီဖောင်ဒေးရှင်း ပူးပေါင်း၍ 'လက်တွဲကူညီ ဧရာဝတီ' အစီအစဉ်ဖြင့် ရေဘေးကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်
ဧရာဝတီဘဏ်မှ စေတနာ့ဝန်ထမ်းများသည် စက်တင်ဘာလ (၁၇)ရက်နေ့တွင် ရေဘေးသင့်ဒဏ်ဆိုးရွာစွာ ရင်ဆိုင်ခဲ့ရသော ဒေသများဖြစ်သည့် ရမည်းသင်း၊ တပ်ကုန်း၊ တောင်ငူ၊ မြစ်သား၊ ကျောက်ဆည်၊ ဘားအံအစရှိသည့် ဒေသများမှ ကျေးရွာစုစုပေါင်း (၂၆)ရွာ၊ ရေဘေးသင့် အိမ်ထောင်စု (၃,၂၈၄)စုတို့အတွက် အရေးပေါ်လိုအပ်ချက်များဖြစ်သည့် ဆန်၊ ဆီနှင့် ရိက္ခာခြောက်များ၊ ရေသန့်နှင့် ဆေးဝါးများ၊ အဝတ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများ၊ ထောက်ပံ့ငွေများကို ပံ့ပိုးကူညီလှူဒါန်းခဲ့ပါသည်။
ဧရာဝတီဖောင်ဒေးရှင်းနှင့် ပူးပေါင်း၍ “လက်တွဲကူညီ ဧရာဝတီ” အစီအစဉ်အဖြစ် ဧရာဝတီဘဏ်က ငွေကျပ်သိန်း(၁)သောင်း ကနဦးမတည်ကာ နိုင်ငံတစ်ဝှမ်းရေဘေးဒုက္ခရင်ဆိုင်ကြုံတွေ့နေရသည့် ရေဘေးသင့်ပြည်သူများအတွက် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ကိုယ်တိုင်ကိုယ်ကျသွားရောက်၍ လက်တွဲကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။ ဧရာဝတီဖောင်ဒေးရှင်းအနေနှင့် ယနေ့အထိ လှူဒါန်းငွေပမာဏ ကျပ်သိန်း(၁၁,၈၀၀)ကျော် လှူဒါန်းခဲ့ပြီးဖြစ်ပြီး ရေဘေးသင့်ပြည်သူများအတွက် ရင်ဆိုင်ကြုံတွေ့နေရသော ပူပင်သောကအခက်အခဲများအတွက် တတ်စွမ်းသရွေ့ ဆက်လက်ပံ့ပိုးကူညီဆောင်ရွက်သွားမည်ဖြစ်ပါသည်။