Skip to content

ထိုင်းကနေ မြန်မာကို ငွေလွှဲဖို့ အဆင်ပြေဆုံးနည်းလမ်းလေး လာပါပြီနော်!

TrueMoney Myanmar နဲ့ AYA Pay Mobile Wallet တို့ ပူးပေါင်းပြီး ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို ငွေလွှဲရင် ဝန်ဆောင်ခ လုံးဝ အခမဲ့ နဲ့ မြန်မြန်ဆန်ဆန် ငွေလွှဲနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။
ထိုင်းမှာ အလုပ်လုပ်နေတဲ့သူတွေအနေနဲ့ ကိုယ့်မိသားစုဝင်တွေ၊ ချစ်ရသူတွေဆီကို TrueMoney Wallet ကနေတစ်ဆင့် AYA Pay Wallet ကို ငွေလွှဲတဲ့အခါ ဝန်ဆောင်ခ လုံးဝပေးစရာမလိုပါဘူးနော်။ အဲ့ဒီလိုပဲ AYA Pay Wallet ကနေတဆင့် ငွေသားထုတ်မယ်ဆိုရင်လည်း ဘာဝန်ဆောင်ခမှ ထပ်ပေးစရာမလိုဘဲ လွယ်လွယ်ကူကူ ထုတ်ယူနိုင်မှာပဲဖြစ်ပါတယ်။

TrueMoney Wallet မှ AYA Pay Wallet သို့ ပေးပို့လာသောငွေလွှဲများကို AYA Pay မှတဆင့်ငွေထုတ်ရန် အောက်ပါအဆင့်များအတိုင်းလုပ်ဆောင်နိုင်ပါတယ်။

အဆင့် (၁)
AYA Pay ထဲရှိ “Service” ထဲမှ “International Remittance” ကို နှိပ်ပါ။
အဆင့် (၂)
“TrueMoney International Remittance Cash Out” ကိုရွေးချယ်ပါ။
အဆင့် (၃)
TrueMoney(Thailand) မှပေးပို့သော ငွေထုတ်ကုဒ် လျှို့ဝှက်နံပါတ် ဂဏန်း ၈ လုံး ကို “Cash Code” တွင်ရိုက်ထည့်ပြီး “Continue” ကိုနှိပ်ပါ။
အဆင့် (၄)
ငွေထုတ်ယူမည့် ပမာဏနဲ့ အချက်အလက်ကို စစ်ဆေးပြီး“Confirm” ကို နှိပ်ပါ။
အဆင့်(၅)
မိမိ AYA Pay Wallet ၏လျှို့ဝှက်နံပါတ် (၆) လုံးကို ရိုက်ထည့်ပါ။
အဆင့် (၆)
TrueMoney Wallet(Thailand)မှ “အခမဲ့” လွှဲလိုက်တဲ့ ငွေသားကို AYA Pay နဲ့ တစ်ဆင့် လွယ်ကူ၊ လျင်မြန်စွာ ထုတ်ယူနိုင်ပါပြီ။
AYA Pay အကောင့်ဖွင့်ထားသည့် ဖုန်းနံပါတ်နှင့် ထိုင်းဘက်မှ TrueMoney Wallet ဖြင့် ငွေလွှဲသည့်အခါ ထည့်သွင်းရသည့် မြန်မာပြည်ရှိ ငွေထုတ်သူ၏ဖုန်းနံပါတ်သည် တူညီမှုရှိရန် လိုအပ်ပါသည်။

ဒီတော့ ထိုင်းကနေ မြန်မာကိုငွေလွှဲမယ်ဆို စိတ်ချရပြီး ဝန်ဆောင်ခအခမဲ့ဖြစ်တဲ့ TrueMoney နဲ့ AYA Pay တို့ရဲ့ ဝန်ဆောင်မှုကိုပဲ အသုံးပြုလိုက်တော့နော်။

DOWNLOAD AYA Pay NOW

Related Promotions

သတိထားရှောင်ရှားရမည့် အွန်လိုင်းလိမ်လည်မှုပုံစံအသစ်များ

သတိထားရှောင်ရှားရမည့် အွန်လိုင်းလိမ်လည်မှုပုံစံအသစ်များ

အွန်လိုင်းလိမ်လည်မှုပုံစံအသစ်များ သတိထားပြီးရှောင်ရှားပါ။ နည်းပညာအဆင့်မြင့်သော လိမ်လည်မှုပုံစံသစ်များ ပေါ်ပေါက်လာနေပြီဖြစ်၍ အင်တာနက်ပေါ်မှ မသိသောလင့်ခ်များ (Strange Links) နှင့် အက်ပလီကေးရှင်းအတုများ (Fake Apps) ကို လုံးဝ (လုံးဝ) မဒေါင်းလုတ်ပါနှင့်/မကလစ်ပါနှင့်။ ထို့အပြင် “18+” နှင့် လိင်ပိုင်းဆိုင်ရာ ဆွဲဆောင်မှုရှိသော အကြောင်းအရာများ (ဥပမာ- ရုပ်ရှင်၊ ဂိမ်း၊ ဓာတ်ပုံများ) ကြည့်ရှုရန်/ဆော့ရန်အတွက် ဒေါင်းလုတ်လင့်ခ်များ ပေးပို့ခြင်း, VPN ပုံစံတူ အက်ပလီကေးရှင်းအတုများ ဒေါင်းလုတ်ရန် လင့်ခ်များပေးပို့ခြင်း များကိုလည်း သတိထားပြီးရှောင်ရှားနိုင်ရန်လိုအပ်ပါသည်။ AYA Pay Wallet Account ပါရှိသော ဖုန်းပျောက်ဆုံးမှုများ ရှိခဲ့ပါက AYA Pay Hotline Number  01-4705777 နှင့် AYA Pay Live Chat သို့…

Be Aware of Fraud Phone Call

Be Aware of Fraud Phone Call

လုံခြုံစိတ်ချဖို့ သတိထားကြပါစို့ ယနေ့ခေတ်မှာ အွန်လိုင်းလိမ်လည်မှုနဲ့ ဖုန်းခေါ်ဆိုပြီး ငွေလိမ်လည်မှုတွေ (Phone Scam) ပိုမိုများလာပါတယ်။AYA Pay မှပြုလုပ်လျက်ရှိသော ပရိုမိုးရှင်းအစီအစဉ်တစ်ခုခုတွင် ကံထူးကြောင်း (သို့မဟုတ်) သင်၏အကောင့် လုံခြုံရေး စစ်ဆေးရန်လိုအပ်ပါကြောင်း ဖုန်းဖြင့်ဆက်သွယ်လာပါက ကာကွယ်ဖို့အတွက် အောက်ပါအချက်တွေကို လိုက်နာသင့်ပါတယ်။ OTP / Password / ကိုယ်ရေးအချက်အလက်များကို မမျှဝေပါနဲ့။ သံသယဖုန်းခေါ်ဆိုမှု / မက်ဆေ့ခ်ျများကို မဖြေပါနဲ့။ သံသယရှိပါက AYA Pay Hotline ကို ချက်ချင်း ဆက်သွယ်ပါ။ အထက်ဖော်ပြပါအချက်တွေကို လိုက်နာခြင်းအားဖြင့် ဖုန်းခေါ်ဆိုပြီး လိမ်လည်မှုများကနေ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေနဲ့ ငွေကြေးတွေကို အကောင်းဆုံးကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ AYA Pay Wallet တွင် သင်၏ကိုယ်ရေးအချက်အလက်များနှင့်ပတ်သတ်၍ သံသယတစ်စုံတစ်ရာရှိပါက AYA…

AYA Pay officially launches “AYA Zay”

AYA Pay officially launches “AYA Zay”

Innovation Alert! AYA Pay officially launches “AYA Zay,” a new digital marketplace feature, enhancing the local e-commerce landscape. 🚀 We are thrilled to announce the successful launch of AYA Zay, a groundbreaking new feature integrated directly within the AYA Pay Wallet’s Marketplace. 🛍️ This expansion reinforces our commitment to delivering a comprehensive and seamless digital…