အိမ်ကိုငွေလွှဲရင်း ကံစမ်းကြမယ်
နိုင်ငံပေါင်း (၁၆၀) မှ RIA ငွေလွှဲများကို အနည်းဆုံး (၁၀) သိန်းကျပ်မှ စတင်ပေးပို့ခြင်း ၊ DBS စင်ကာပူငွေလွှဲများကို ထုတ်ယူခြင်း ၊ Western Union ငွေလွှဲများ ထုတ်ယူခြင်း ၊ ထိုင်းနိုင်ငံ မှ Intersend ငွေလွှဲများကို ထုတ်ယူခြင်း များပြုလုပ်ပြီး ဆုမဲပေါင်းကျပ်သိန်း (၁၇၀) အပြင် မြင့်မားတဲ့အတိုးနှုန်းတွေပါတဲ့ “ငွေတိုးလွှဲယူ” အစီအစဉ်မှာပါဝင်လိုက်ပါ။
(၁၄.၅.၂၀၂၅) မှ (၃၀.၆.၂၀၂၅) အတွင်း AYA Remit နဲ့ချိတ်ဆက်ထားတဲ့ DBS, GME, Western Union, RIA, Intersend အစရှိတဲ့ နိုင်ငံတကာငွေလွှဲအဖွဲ့အစည်းများမှတစ်ဆင့် အနည်းဆုံး (၁၀) သိန်းကျပ်မှစတင်၍ ငွေလွှဲရင်း
✅ ဆုမဲကြီးများကံစမ်းနိုင်ပါတယ်။
💵 (၁၀) သိန်းကျပ်ဆု x (၅) ဆု
💵 (၅) သိန်းကျပ်ဆု x (၁၀) ဆု
💵 (၃) သိန်းကျပ်ဆု x (၁၀) ဆု
💵 (၁) သိန်းကျပ်ဆု x (၄၀) ဆု
✅ မြင့်မားသောအတိုးနှုန်း 11% p.a. အထိ အတိုးရရှိလို့ လွှဲငွေများ တိုးပွါးနိုင်ပါတယ်။
✅ အကောင်းဆုံးသော ငွေလွှဲနှုန်းထားနဲ့ ငွေလွှဲပမာဏအပြည့် ငွေသားထုတ်ယူနိုင်ပါတယ်။
စိတ်ချယုံကြည် ဧရာဝတီ – Your Trusted Partner
နီးစပ်ရာ ဧရာဘဏ်ခွဲများတွင် မှတ်ပုံတင် (မူရင်း) နဲ့အတူ အောက်ပါနည်းလမ်း (၄) မျိုးဖြင့် ငွေလွှဲလက်ခံနိုင်ပါတယ်။
နည်းလမ်း ၁
ပုံမှန်အတိုး 9% p.a. အပြင် ထပ်ဆောင်အတိုး 2% p.a. ပါ ရရှိနိုင်တဲ့ “ငွေတိုးမယ့် ရွှေအိုး” ငွေစုစာရင်းသို့ တိုက်ရိုက်ငွေလွှဲနိုင်ခြင်း
နည်းလမ်း ၂
အတိုး 8.25% p.a. ရရှိသော ငွေစုစာရင်းသို့ တိုက်ရိုက်ငွေလွှဲနိုင်ခြင်း
နည်းလမ်း ၃
နိုင်ငံအနှံ့ သောင်းနှင့်ချီသော Agent များ၊ AYA ATM နှင့် ဧရာဘဏ်ခွဲများတွင် ငွေသားထုတ်ယူနိုင်သော AYA Pay အကောင့်သို့ တိုက်ရိုက်ငွေလွှဲနိုင်ခြင်း
နည်းလမ်း ၄
နိုင်ငံအနှံ့ ဘဏ်ခွဲပေါင်း (၂၆၀) ကျော်တွင် မှတ်ပုံတင် (မူရင်း)နဲ့ သွားရောက်ထုတ်ယူနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။
စည်းကမ်းသတ်မှတ်ချက်များ
– – – – – – – – – – – – – – – – – –
၁။ ဧရာဘဏ်ငွေစုစာရင်း (သို့) AYA Pay အကောင့်တို့နှင့် ငွေလွှဲထုတ်ယူသူများသာ ပါဝင်ကံစမ်းနိုင်မည်ဖြစ်ပါသည်။
၂။ ဧရာဘဏ်ခွဲကောင်တာများတွင် ငွေလွှဲထုတ်ယူသူများအနေနှင့် ဧရာငွေစုစာရင်းမရှိသေးပါက ငွေစုစာရင်းဖွင့်ရမည်ဖြစ်ပါသည်။
၃။ သတ်မှတ်ထားသော ပရိုမိုးရှင်းကာလမှာ (၁၄.၅.၂၀၂၅) မှ (၃၀.၆.၂၀၂၅) အတွင်းဖြစ်ပါသည်။
၄။ ကံထူးရှင်များစာရင်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လတွင် AYA Bank Official Facebook Page မှတစ်ဆင့် ကြေညာပေးမည်ဖြစ်ပြီး အလုပ်လုပ်ရက် (၅) ရက်အတွင်း ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ ဆက်သွယ်၍မရသော ကံထူးရှင်များအတွက် အခြားနောက်ထပ် ကံထူးရှင်ကို ထပ်မံရွေးချယ် ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။
၅။ ယခုအစီအစဥ်တွင် ဧရာဘဏ်ဝန်ထမ်းများ ပါဝင်ခွင့်မရှိပါကြောင်း နှင့် အငြင်းပွါးမှုတစ်စုံတစ်ရာရှိပါက ဧရာဘဏ်၏ ဆုံးဖြတ်သာအတည်ဖြစ်ပါသည်။